Thingyan Rain
ရန်ကုန်မှာ သင်္ကြန်မိုးလေးလည်းစဲတော့ "သင်္ကြန်မိုး" ရုပ်ရှင်ကို သေချာလေးကြည့်ဦးမှဆိုတဲ့ အတွေးလေးနဲ့ ကြည့်ဖြစ်ခဲ့တယ်ပေါ့ဗျာ။
သင်္ကြန်ကို (၄) နှစ်ကြာ ခွဲထားရတဲ့ လူငယ်တစ်ယောက်အနေနဲ့ သင်္ကြန်သီချင်းတွေကြားရတော့ ကြက်သီးထမိတဲ့အထိပဲ။
မြို့မ နဲ့ ခွဲမရတဲ့ သင်္ကြန်မြို့တော် မန္တလေးလည်း ဒီနှစ်တော့ နေမကောင်းဖြစ်နေလေရဲ့။
နောင်တရမိတယ်။
ဒီလို ရုပ်ရှင်မျိုးကို (၁၉) နှစ်ကြာမှ ကြည့်ဖြစ်တဲ့အတွက်ရော၊ အသက်မဲ့တဲ့သင်္ကြန်မှာ ရှင်သန်နေရတာအတွက်ရော။