
love is a losing game, but all we're looking for it's love from someone else queer/ blanche



The second part of this movie is terrifying for me. Party of bugs are really disturbing. ONCE said, HOME IS A PLACE THAT YOU NEVER FEEL ALONE. မတူညီတဲ့ နောက်ခံဘဝ ၃ ခုနဲ့ တင်ဆက်ထားတဲ့ ဒီကားမှာ အပိုင်း ၁ ခုချင်းစီက ခံစားမှုရသတစ်ခုဆီကိုပေးပြီး ဒုတိယအပိုင်းကတော့ ကျွန်မအတွက် အတော်လေးစိတ်မသက်သာဖြစ်ရသလို စိတ်ကသိကအောက်လည်းတော်တော်ဖြစ်ရပါတယ်။ ပိုးဟက်ကြောက်တဲ့သူဖြစ်တဲ့အလျောက် ဇာတ်ကားထဲက ပိုးကောင်တွေက အရုပ်တွေဖြစ်တယ်ဆိုတာသိပေမဲ့ ပိုးကောင်တစ်ကောင်ကို အဆုံးစီရင်လိုက်တာကိုအနီးကပ်ရိုက်ပြတဲ့အခါ ကြက်သီးထစရာလည်းတော်တော်ကောင်းနေခဲ့ပါတယ်။ သရဲကားကြည့်ရင်တောင် ဒီလောက်ကြောက်ရကောင်းမှန်းမသိခဲ့တဲ့ ကျွန်မကတော့ တုန်လှုပ်မိနေခဲ့တာပေါ့။ သုံးသွားတဲ့ musical arrangement တွေကလည်း တစ်ကားလုံးမှာ လိုက်လိုက်ဖက်ဖက်နဲ့ကို ပါဝင်သွားတော့ ဇာတ်ကားရဲ့ အနှစ်သာရပိုပြည့်စုံခဲ့တာပေါ့လေ။ ဆုရယူတဲ့အထိလည်းထိုက်တန်ပါတယ်လို့ပြောရင်း....
